𝐋𝐨𝐠𝐢𝐬𝐭𝐢𝐜𝐬 ဆိုတာဘာလဲ

Logistics ဆိုတာ ကုန်ပစ္စည်းတွေကို ထုတ်လုပ်သူကနေ စားသုံးသူလက်ထဲကို ထိရောက် စွာနဲ့ ကုန်ကျစရိတ်သက်သာစွာ ရောက်ရှိအောင် စီစဉ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ခေါ်တာပါ။

ဒီမှာ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေကတော့ –

* ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှု (Supply Chain Management): ကုန်ပစ္စည်းထုတ်လုပ်မှု၊ ပို့ဆောင်မှု၊ ဖြန့်ချိမှု စတဲ့ လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲရပါတယ် ✅

* သယ်ယူပို့ဆောင်ရေး (Transportation): ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ရပါတယ်

( ဥပမာ – ကား၊ ရထား၊ လေယာဉ်၊ သင်္ဘော စတဲ့ ပို့ဆောင်ရေးနည်းလမ်းတွေနဲ့ပေါ့)

* ကုန်ပစ္စည်းစနစ်တကျသိုလှောင်မှု

(Warehousing & Inventory Management): ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာ ဂိုဒေါင်မှာ စနစ်တကျ သိမ်းဆည်းထားပြီး လိုအပ်တဲ့အချိန်မှာ ထုတ်ယူနိုင်အောင် စီမံခန့်ခွဲတာပါ။

* ဖောက်သည်ဝန်ဆောင်မှု (Customer Service): ဖောက်သည်တွေကို ကုန်ပစ္စည်းအကြောင်း၊ ပို့ဆောင်မှုအချိန်၊ ပြဿနာဖြေရှင်းမှု စတဲ့ ဝန်ဆောင်မှုတွေ ပေးတာပါ။

Logistics က စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကုန်ပစ္စည်းတွေကို ဘယ်လို ထိရောက်စွာ ပို့ဆောင်မှု လုပ်မလဲ ၊ ကုန်ကျစရိတ်ကို ဘယ်လို သက်သာစေမလဲ၊ ဖောက်သည်တွေကို ဘယ်လို ကျေနပ်စေမလဲ ဆိုတာတွေကို စဉ်းစားပြီး လုပ်ဆောင်ရတဲ့အလုပ်လို့ ဒီတပတ်မှာ J-Link မှ sharing လုပ်ပေးလိုက်ပါတယ် ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်