ခေါ်ဆိုမှုစင်တာ: 09766361989 မှတ်ချက်:: Feedback Form အီးမေးလ်လိပ်စာ: jlinklogistics.mmr@gmail.com
J-LINK Global Logistics ကုမ္ပဏီမှ ကြိုဆိုပါတယ်
J-LINK သည် မြန်မာနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကြီးများထဲမှာ တစ်ခု အပါ အဝင် ဖြစ်ရတာကို ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါတယ်ခင်ဗျာ။ J-LINK အနေဖြင့်အာရှနိုင်ငံကြီးများကြားမှာ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက် ပို့ဆောင်ပေးပြီး လိုအပ်ချက် အခဲအခဲများအား ကူညီ ဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံမှာရှိသော ကျွန်ုပ်တို့ရဲ့ရုံးခန်းများနှင့်အတူ တရုတ်နိုင်ငံ, ထိုင်းနိုင်ငံ, မလေးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံနှင့် လာအိုနိုင်ငံ အစရှိသည့် နိုင်ငံကြီးများမှ မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး နှင့် ဝယ်ယူပေးရေး ဝန်ဆောင်မှု များကို အဓိက ရည်ရွယ်လုပ်ဆောင်ပါသည်

ကျွန်ုပ်တို့၏ ရည်မှန်းချက်
ကျွန်ုပ်တို့၏တာဝန်မှာ လူကြီးမင်းတို့၏စီးပွားရေးလုပ်ငန်းများအား ယှဉ်ပြိုင်မှုတိုးများလာသည့် ဈေးကွက်များ တွင် ပိုမိုတိုးတက်ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ဝယ်ယူရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းအားဖြင့် လုပ်ငန်းရှင်ကြီးများ၏အခက်အခဲများအား ကူညီဖြေရှင်းသွား မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာကုန်သွယ်မှုရဲ့ ရှုပ်ထွေးမှုတွေကို နားလည်ပြီး ကျွန်ုပ်တို့ရဲ့ ဖောက်သည်များအတွက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များကို ပိုမိုရိုးရှင်းလွယ်ကူစွာ ရောက်ရှိနိုင်ရေး ကြိုးစားအားထုတ် သွားမည် ဖြစ်ပါသည်။ အာရှနိုင်ငံများ အထူးသဖြင့် တရုတ်-ထိုင်း-မလေးရှား-ဗီယက်နမ်-လာအို နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပို့ဆောင်ရေးနှင့် ဝယ်ယူရေး ဝန်ဆောင်မှုများကို ကျွန်ုပ်တို့ အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
J-LINK ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ
ကျွမ်းကျင်မှု
ကျွန်ုပ်တို့ J-LINK တွင် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံများမှာရှိသော သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ လိုအပ်ချက်များကို နားလည်သော အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူဝန်ထမ်းများနှင့် ဖွဲ့စည်း ထားပါသည်။
ယုံကြည်စိတ်ချမှု
မိတ်ဖက်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခိုင်ခံ့သော ကွန်ရက်ဖြင့် လူကြီးမင်းတို့၏ကုန်ပစ္စည်းများကို ဂရုတစိုက်ကိုင်တွယ်ပြီး အချိန်မီပို့ပေးရန် သေချာစေပါသည်။
Customer ဗဟိုပြုချဉ်းကပ်နည်း
ကျွန်ုပ်တို့ ရဲ့ Customer များရဲ့ လိုအပ်ချက်များကို ဦးစားပေးပြီး လူကြီးမင်းတို့၏အောင်မြင်မှုကို ရှေးရှုသော စနစ်တကျဖြေရှင်းနည်းများနှင့်အတူ လူကြီးမင်းတို့နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်ပါတယ်။
ကျွမ်းကျင်မှုအတွက် ကတိကဝတ်ပြုခြင်း
ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုတွေမှာ တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုများအတွက် အဆက်မပြတ် ကြိုးစားနေပြီး လူကြီးမင်တို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးဖို့ သေချာစေပါတယ်။
တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံးရနိုင်ခြင်း
J-LINK မှာ လူကြီးမင်းတို့၏ ပို့ဆောင်ရေး လိုအပ်ချက်အားလုံးအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုအားလုံးကို လုပ်ဆောင်ပေးနေပါသည်။ လူကြီးမင်တို့ လိုအပ် သမျှဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် ရနိုင်သောကြောင့် လူကြီးမင်းတို့၏အချိန်ကို သက်သာစေရုံသာမက ကုန်ကျစရိတ်များကို လည်း လျော့နည်းစေပြီး လုပ်ငန်းခွင်စွမ်းဆောင်နိုင်မှုကို တိုးမြှင့် စေနိုင်မည်ဖြစ်သည်။